Myanmar Muslim Family. Powered by Blogger.
RSS

ပထမ ဟဇရသ်ကြီးမော်လာနာ အိလ်ယားစ်ဆပ် ၏ သြဝါဒများ(ပ၊ဒု)

  အကီဒဟ်ဆိုသည်မှာ ကျစ်လစ်ခိုင်ခန့် အောင်တုတ်နှောင်ခြင်းဖြစ်သည်။စွဲမြဲသက်ဝင်ခြင်း၊ အကီဒဟ်ဆိုင်ရာ ခံယူချက် ပေါ့လျော့သည်နှင့် ကွဖ်ရ်ဖြစ်သွားပေမည်။

-အရှင်မြတ် အမိန့် တော်နာခံရာမှ အရသာစည်းစိမ် ဆွတ်ခူး မြူးတူးသွားခြင်းသည် အဗ်ဒီယသ်-ဗန္ဒာဟ်
 ဖြစ်သည်။
 အဗ်ဒီယသ်-ဗန္ဒာဟ် ပီသ သည်နှင့်အမျှ အရာဝတ္တုတိုင်းသည် အသင့်ကျွန်ခံလာကြပေမည်။

-ကလေမဟ်၏ ပထမှအပိုဒ်တွင် သောင်ဟီးဒ် အကာအဒ် နှင့် အရှင်မြတ်၏မအ်ရိဖသ်များပါဝင်သည်။
 ဒုတိယအပိုဒ်တွင် တမန်တော်မြတ်၏(စွ)အားသတ်သေခံသကဲ့သို ကိုယ်တော့် အနွံတာခံရန်လည်း
 ပါဝင်သည်။

-မည်သည့်ကိစ္စကိုပင်ဖြစ်စေ၊ အရှင်မြတ်၏ အမိန့်တော်အရ မဆောင်ရွက်ပါမူ မိမိကလေမဟ်သည်
 မပြည့်စုံသေးပေ။

-စိတ်လိုရာနှင့် ကိုယ်ကျိုးမဖက် နဖ်စ်စေရာရဲ့ အနွံတာမခံအမိန့် တော်အတွက်အသက်သိက္ခာကိုပင်
 စွန့် ရသည်ဖြစ်စေ၊နှမြောတွန့် တို ဆိုင်းငံ့နှေးကွေးမည်မဟုတ်ဟု ဝန်ခံခြင်းသည် “လာအိလာဟ
 အိလ်လလ္လဟဟ်” ဖြစ်သည်။(→)

-ကိုယ်ကာယသန့် စဉ်နေလျင် စိတ်နှလုံးလဲရွှင်နေမည်။ကလေမာဟ် စာပုဒ်သည် ကိုယ်ကာယ၊
 ကလေမာဟ်၏အာရုံသည် ဝိညာန် ကလေမာဟ်စာပိုဒ်ကို ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ကြပါ။

-လားအိလာဟ   ။  ။ ကိုယ့်စီမံကြံ ဆရာလမ်းကို မလျောက်ပါ။
 အိလ်လ္လာဟ်      ။  ။ အရှင်မြတ်မှ ထုတ်ပြန်သော အမိန့် တော်ဆိုလျင် အသက်နဲ့ လဲပြီး
                            အကောင်အထည်ဖော်မည်။ဤမျှ တစိတ်တလက်ထဲ ပြောဆိုဝန်ခံသူသည်
                            ဂျန္နသ်သို့  မုချရောက်ရှိပေမည်။


-ကလေမာဟ်ဖြင့် ပြောင်းလဲရပါမည်။အခြေအနေဟူသရွေ့အလုံစုံကို ဆောင်ရွတ်မည်။သို့ သော်
 နဖ်စ်အလိုကျမဟုတ်။အရှင်မြတ်အတွက်သာ ဆောင်ရွက်ရမည်။ဤသို့ ပြောင်းလဲရပါမည်။

-စိတ်ကြိုက်နှင့် ကိုယ်ကျိုးအတိုင်း မလျှောက်တော့ပါဟူသည် “လာအိလာဟ”
 အရှင်မြတ်၏အမိန့် တော်အတိုင်း ကျင့်ကြံပါမည်ဟု ကတိပြုချင်းသည် “အိလ်လလ္လဟ်”

-“လားအိလာဟ”သည် နဖ်စ်အမိန့် ၊“အိလ်လလ္လ်ာ”သည်အလ္လာ့ဟ်အမိန့် ၊“လားအိလာဟ
  အိလ်လလ္လ်ာ”ဆိုသည်မှာ အရှင်မြတ်၏ အမိန့် တော်များကို “မုဟမ္မဒွရ် ရစူလ္လာဟ်”ထံမှ
  ရှာဖွေ ဆည်းပူးပါလေ။

-နှလုံးသားအားဖြင့် အရှင်မြတ်နှင့် ဆက်သွယ်ပေါင်းစပ်လိုက်ခြင်းသည် ကလေမာဟ်၏
 ပထမအပိုဒ်၊စိတ်နှလုံးသားမျက်နှာကို အရှင်မြတ်ဘက်သာ လှည့်ရန်မှာ တမန်တော်မြတ်(စွ)နောက်လိုက်
 ပီသခြင်း၌ ရှိသည်မှာ ဒုတိယအပိုဒ်။

-“လားအိလာဟ”စိတ်စေရာကို မလိုက်နှင့်။အိလ်လလ္လာဟ် အရှင်မြတ်၏ အမိန့် 
  တော်နောက်လိုက်ပါ။“မုဟမ္မဒွရ် ရစူလွလ္လာဟ်”အသင်လို ညစ်ညမ်းသူက အရှင်မြတ်အမိန့် တော်ကို
  မည်သို့ သိနိုင်ပါမည်နည်း။တမန်တော်မြတ်(စွ)ပင် အမိန့် တော်ကို ညွန်ပြသွားပေမည်။

-အမိန့် တော်များ ရှင်သန်လာရန်အလို့ ငှာအသက်စွန်စားရမည့်အကြောင်းခံကို
 ရှာဖွေခြင်းသည်“အစ္စလာမ်”ဖြစ်သည်။

-အမလ်သည် စင်္ကြန်လမ်းဆိုလျင် အမိန့် တော်များကား ကြိုးအသွယ်သွယ်ဖြစ်သည်။ယင်းကြိုးများမှတဆင့်
 အရှင်မြတ်ထံ ပေါက်ရောက်နိုင်ပေသည်။

-တမန်တော်မြတ်(စွ)ကိုလက်ခံခြင်းသည် ကိုယ်တော့်သြဝါဒကို လက္ခံခြင်းပင်။ကိုယ့်တော်သြဝဒနှင့် 
 အမာလ်များအတွက် စိတ်မကြည် မချမ်းမြေ့ခြင်းသည် ကိုယ့်တော်အား ချစ်သည့် သာဓကဖြစ်သည်။
 ဤသို့ သာဓက မပြနိုင်သော အချစ်သည်လက်ခံဖွယ်ရာ မဖြစ်နိုင်။    

စာကူးသူ(M ilyas)
ကလေမာဟ်၏ဖိတ်ခေါ်သံ နှင့် ဒါအီ၏(၆)ခွန်းကြိုးပမ်းမှုကျမ်း
Read More.>>>>

2 Year Old Girl Answering Questions About Islam! [Must See!]


Read More.>>>>

ဖဂျရ်ဆွလာသ်ဝတ်ပြုခြင်း...

          မိတ်ဆွေ အသင် ဖဂျရ်ဆွလာသ်မှန်မှန်ဝတ်ပြုပါရဲ့လား …ကျွန်တော်တို့ဟာ ဖဂျရ်စွလာသ်ကို ပျက်ကွတ်ဖို့ကိုအကြောင်းအမျိုးမျိုးပြ တက်ကြပါတယ် ဒီလိုပြောလိုက်လို့ ဖဂျရ်ဆွလာသ် ပျက်ကွက်သူတွေကို စာရင်းပြုစုပြီးဒဏ်ခတ်အရေးယူဖို့မဟုတ်ပါဘူးနံနက်တိုင်းမှာဖဂျရ်ဆွာလသ်ကိုစွဲစွဲမြဲမြဲဝတ်ပြုနိုင်ဖို့အလေ့ ကျင့်ကောင်းတွေတင်ပြချင်တာပါ….
   ဖဂျရ်ဆွလာသ်ဝတ်ပြုခြင်းရဲ အကျိုးကျေးဇူးများအနက်တစ်ခုကတော့ စွလာသ်ဝတ်ပြုမှုပျက်ကွက်ခြင်းဆိုတဲ့
အပြစ်ကနေ လွတ်ကင်းခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖဂျရ်ဆွလာသ်ဝတ်ပြုလို့ အခြားသောအကျိုးကျေးဇူးတွေများစွာရရှိပါသေးတယ်.ဟဒီဆ်ကျမ်းတစ်ခုဖြစ်တဲ့ မွတ်စလင်ကျမ်းရဲ့ ဟဒီဆ်အမှတ် ၆၅၆ မှာဟဇရသ် အွစ်မန်း(ရသွေ့)ဆင့်ပြန်ထားပါတယ်…အကြင်းသူမည်သူမဆို အီရှာဆွလာသ်ကို ဂျမာအသ်ဖြင့် ၀တ်ပြုခဲ့သော် ထိုည၏ထက်ဝက်ကိုဝတ်ပြုမှုဖြင့်ကုန်လွန်စေသကဲသို့ဖြစ်ပြီး ဖဂျရ်ဆွလာသ်ကို ဂျမာအသ်ဖြင့် ၀တ်ပြုခဲ့သော် ထိုညတစ်ညလုံးစာ ၀တ်ပြုမှုဖြင့် ကုန်လွန်စေသကဲ့သို့ဖြစ်သည် ဟု တမန်တော်မိုဟမ္မဒ် (ဆွ)မိန်မှာခဲ့ကြောင်းပါရှိပါတယ်အဘူဒါဝုဒ်ကျမ်း ဟဒီဆ်အမှတ် (၅၆၁) ၊အိဗ်နိုမာဂျဟ် ဟဒီဆ်အမှတ် (၇၈၁) ၊သိရ်မီဇီ ဟဒီဆ်အမှတ် (၂၃)တိုမှာ
ငါတမန်တော် သည် ၀မ်းမြောက်ဖွယ်သတင်းကောင်းကို ပြောပြပါမည်။ (ဖဂျရ်နှင့် အီရှာ) ဆွလာသ်ဝတ်ပြုရန်
ဗလီသို့ ညအမှောင် ထုအတွင်း ဖြတ်သန်း ၍ လမ်းလှောက်လာသူများသည် ပြန်လည်အားပေးမည့်
နေ(ကေယာမတ် )နေ့တွင် ပြည့်ဝသော အလင်းရောင်ကို ချီးမြှင်ပေးတော်မူခြင်းခံရမည်ဟု ဆိုထားပါတယ်
ဆွဟီးဘိုခါရီကျမ်း ဟဒီဆ်အမှတ်(၆၅၇)နဲ့ စွဟီးမွတ်စလင် ဟဒီဆ်အမှတ် (၆၅၁)တိုမှာ အဘူဟုရိုင်ရဟ်
(ရသွေ့)ဆင့်ပြန်ထားတာက…တမန်တော်မိန့်တော်မူခဲ့သည်မှာသူတော်ကောင်းယောင်ဆောင်သူတို့အတွက်
ဝန်အလေးဖွယ်ကောင်းဆုံးစွာလသ်များသည် ဖဂျရ်နှင့်အီရှာဆွလာသ်များဖြစ်ကြောင်း အကယ်၍ ယင်းဆွလာသ်နှစ်ခု၏ အကျိုးကျေးဇူးကို သိကြမည်ဆိုပါက လမ်းမလျှောက်နိုင်၍ ဒရုတ်ဆွဲသွားနေရလျှင်တောင်မှထိုဆွလာသ်မျာကို မပျတ်မကွက် ၀တ်ပြုကြပေမည် လိုပါရှိထားပါတယ်
အထက်ပါ ဟဒီဆ်တော်များအရ ဖဂျရ်ဆွလာသ်ကို ကျွန်တော် တို့တတွေ မပျက်မကွက်ဝတ်ပြုသင့်ပါတယ် ဒါပြင်ဖဂျရ်ဆွလာသ်ကို အချိန်မှီဝတ်ပြုနိုင်သူ ဟာ တနေ့တာလုံးဆွလာသ် ၅ကြိမ် ပြည်မှီဖို့အလွယ်ကူသွာပါတယ်..

  ဒါကြောင့် ဖဂျရ်ဆွလာသ်ကိုမှနမှန်ဝတ်ပြုန်ုင် ဖိုအတွက် လေ့ကျင့်ကောင်းလေး ၅ချက် ကိုတင်ပြလိုက်ပါတယ်ပထမအချက်-- ညအိပ်ယာမ၀င် ခင်ကတည်းက နောက်တနေ့မှာပြုလုပ်မဲ့ ကိစ္စရပ်အစီစဉ်တွေကို ချရေးပါ..
အဲဒီအစီစဉ်တွေ ထဲမှာ ဖဂျရ် အချိန် နိုးထဖို့ ဦးစွာရေးသားပါ။ နံနက်တိုင်မှာ ဖဂျ၇်ဆွလာသ် မှန်မှန်ဝတ်ပြုနိုင်တဲ့အလေ့အထက ကျွန်တ်ေတို့ရဲ့ အသိစိတ်ရော မသိစတ်ကိုပါ တိုးတက်ကောင်းမါန်စေပါတယ်ဒါပြင်အသင်ဟာအအိပ်ကြီးတက်သူဒါမှမဟုန်အိပ်ယာဝင်နောက်ကျသူဖြစ်ရင် ညအိပ်ယာမ၀င်မှီရေအနည်ငယ်သောက်ပေးပါ။အဲဒီအခါမှာ ခန္ဒာကိုယ်ဟာ စောစီးနိုးထစေဖို့ နှိုးဆော်ပါလိမ့်မယ်။..
ဒုတိယအချက်--ကတော့ဖဂျရ်အချိန်နိုးထစေနိုင်ဖို့ ညတိုင်းကို စောစောအိပ်ပါ.
အစပိုင်မှာတော့ခက်ခဲကောင်းခက်ခဲပေမဲ့ စောစောအိပ်စေခြင်းက စောစောနိုးထမှုကို ထောက်ပြုဖြစ်တာကို
တွေ့ပါလိမ်မယ်တတိယအချက်--ကအိပ်ယာမ၀င်မှ အစာများများစားတဲ့တက်တဲ့လေ့ထရှိရင် အဲဒီအကျင့် ကိုစွန်လွှတ်လိုက်ပါ။
အဲဒီအကျင့်ကလေးလံထိုင်းမှိုင်းစေရုံမက အချိန်မှန်နိုးထတက်မှုနဲ့ အသက် ရှည်ကျန်မားစေခြင်ကို
ဖျက်ဆီစေပါတယ်စတုတ္ထအချက်-- က နိုးစက်နာရီတစ်လုံးရှိဖို့လည်း လိုပါတယ် နာရီရဲ့အချက်ပေးသံကို
ကောင်းကောင်းကြားနိုင်ဖို့နဲ့အလွယ်တကုစက်ပိတ်နိုင်ဖို့ အိပ်ယားအနားမှာထးရှိပေးရပါမယ်.
နောက်ဆုံအချက် ကတော့နိုးထစမှာ ၀တ်ပြုချင်စိတ်မရှိပဲ ဆက်လက်အိပ်ချင်နေပါမယ် ဒါကြောင့်
ဆက်အိပ်မပျော်စေဖို့ အိပ်ယာကနေအမြန်ဆုံးထကာ ၀ူဇူ အမြန်ဆုးံ လုပ်ရပါမယ်အဲဒီအချက်၅ချက်လုံကို လိုက်နာအကောင်းထည်ဖေါ်ရင်း နေ့စဉ်မှန်မှန် ဖဂျရ်ဆွလာသ် မှန်မှန် ကျွန်တော်တို့ဝတ်ပြုကြပါစို့လို ဆန္ဒပြုရင်း…..

Read More.>>>>