အကီဒဟ်ဆိုသည်မှာ ကျစ်လစ်ခိုင်ခန့် အောင်တုတ်နှောင်ခြင်းဖြစ်သည်။စွဲမြဲသက်ဝင်ခြင်း၊ အကီဒဟ်ဆိုင်ရာ ခံယူချက် ပေါ့လျော့သည်နှင့် ကွဖ်ရ်ဖြစ်သွားပေမည်။
-အရှင်မြတ် အမိန့် တော်နာခံရာမှ အရသာစည်းစိမ် ဆွတ်ခူး မြူးတူးသွားခြင်းသည် အဗ်ဒီယသ်-ဗန္ဒာဟ်
ဖြစ်သည်။
အဗ်ဒီယသ်-ဗန္ဒာဟ် ပီသ သည်နှင့်အမျှ အရာဝတ္တုတိုင်းသည် အသင့်ကျွန်ခံလာကြပေမည်။
-ကလေမဟ်၏ ပထမှအပိုဒ်တွင် သောင်ဟီးဒ် အကာအဒ် နှင့် အရှင်မြတ်၏မအ်ရိဖသ်များပါဝင်သည်။
ဒုတိယအပိုဒ်တွင် တမန်တော်မြတ်၏(စွ)အားသတ်သေခံသကဲ့သို ကိုယ်တော့် အနွံတာခံရန်လည်း
ပါဝင်သည်။
-မည်သည့်ကိစ္စကိုပင်ဖြစ်စေ၊ အရှင်မြတ်၏ အမိန့်တော်အရ မဆောင်ရွက်ပါမူ မိမိကလေမဟ်သည်
မပြည့်စုံသေးပေ။
-စိတ်လိုရာနှင့် ကိုယ်ကျိုးမဖက် နဖ်စ်စေရာရဲ့ အနွံတာမခံအမိန့် တော်အတွက်အသက်သိက္ခာကိုပင်
စွန့် ရသည်ဖြစ်စေ၊နှမြောတွန့် တို ဆိုင်းငံ့နှေးကွေးမည်မဟုတ်ဟု ဝန်ခံခြင်းသည် “လာအိလာဟ
အိလ်လလ္လဟဟ်” ဖြစ်သည်။(→)
-ကိုယ်ကာယသန့် စဉ်နေလျင် စိတ်နှလုံးလဲရွှင်နေမည်။ကလေမာဟ် စာပုဒ်သည် ကိုယ်ကာယ၊
ကလေမာဟ်၏အာရုံသည် ဝိညာန် ကလေမာဟ်စာပိုဒ်ကို ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ကြပါ။
-လားအိလာဟ ။ ။ ကိုယ့်စီမံကြံ ဆရာလမ်းကို မလျောက်ပါ။
အိလ်လ္လာဟ် ။ ။ အရှင်မြတ်မှ ထုတ်ပြန်သော အမိန့် တော်ဆိုလျင် အသက်နဲ့ လဲပြီး
အကောင်အထည်ဖော်မည်။ဤမျှ တစိတ်တလက်ထဲ ပြောဆိုဝန်ခံသူသည်
ဂျန္နသ်သို့  မုချရောက်ရှိပေမည်။
-ကလေမာဟ်ဖြင့် ပြောင်းလဲရပါမည်။အခြေအနေဟူသရွေ့အလုံစုံကို ဆောင်ရွတ်မည်။သို့ သော်
နဖ်စ်အလိုကျမဟုတ်။အရှင်မြတ်အတွက်သာ ဆောင်ရွက်ရမည်။ဤသို့ ပြောင်းလဲရပါမည်။
-စိတ်ကြိုက်နှင့် ကိုယ်ကျိုးအတိုင်း မလျှောက်တော့ပါဟူသည် “လာအိလာဟ”
အရှင်မြတ်၏အမိန့် တော်အတိုင်း ကျင့်ကြံပါမည်ဟု ကတိပြုချင်းသည် “အိလ်လလ္လဟ်”
-“လားအိလာဟ”သည် နဖ်စ်အမိန့် ၊“အိလ်လလ္လ်ာ”သည်အလ္လာ့ဟ်အမိန့် ၊“လားအိလာဟ
အိလ်လလ္လ်ာ”ဆိုသည်မှာ အရှင်မြတ်၏ အမိန့် တော်များကို “မုဟမ္မဒွရ် ရစူလ္လာဟ်”ထံမှ
ရှာဖွေ ဆည်းပူးပါလေ။
-နှလုံးသားအားဖြင့် အရှင်မြတ်နှင့် ဆက်သွယ်ပေါင်းစပ်လိုက်ခြင်းသည် ကလေမာဟ်၏
ပထမအပိုဒ်၊စိတ်နှလုံးသားမျက်နှာကို အရှင်မြတ်ဘက်သာ လှည့်ရန်မှာ တမန်တော်မြတ်(စွ)နောက်လိုက်
ပီသခြင်း၌ ရှိသည်မှာ ဒုတိယအပိုဒ်။
-“လားအိလာဟ”စိတ်စေရာကို မလိုက်နှင့်။အိလ်လလ္လာဟ် အရှင်မြတ်၏ အမိန့် 
တော်နောက်လိုက်ပါ။“မုဟမ္မဒွရ် ရစူလွလ္လာဟ်”အသင်လို ညစ်ညမ်းသူက အရှင်မြတ်အမိန့် တော်ကို
မည်သို့ သိနိုင်ပါမည်နည်း။တမန်တော်မြတ်(စွ)ပင် အမိန့် တော်ကို ညွန်ပြသွားပေမည်။
-အမိန့် တော်များ ရှင်သန်လာရန်အလို့ ငှာအသက်စွန်စားရမည့်အကြောင်းခံကို
ရှာဖွေခြင်းသည်“အစ္စလာမ်”ဖြစ်သည်။
-အမလ်သည် စင်္ကြန်လမ်းဆိုလျင် အမိန့် တော်များကား ကြိုးအသွယ်သွယ်ဖြစ်သည်။ယင်းကြိုးများမှတဆင့်
အရှင်မြတ်ထံ ပေါက်ရောက်နိုင်ပေသည်။
-တမန်တော်မြတ်(စွ)ကိုလက်ခံခြင်းသည် ကိုယ်တော့်သြဝါဒကို လက္ခံခြင်းပင်။ကိုယ့်တော်သြဝဒနှင့်
အမာလ်များအတွက် စိတ်မကြည် မချမ်းမြေ့ခြင်းသည် ကိုယ့်တော်အား ချစ်သည့် သာဓကဖြစ်သည်။
ဤသို့ သာဓက မပြနိုင်သော အချစ်သည်လက်ခံဖွယ်ရာ မဖြစ်နိုင်။
စာကူးသူ(M ilyas)
ကလေမာဟ်၏ဖိတ်ခေါ်သံ နှင့် ဒါအီ၏(၆)ခွန်းကြိုးပမ်းမှုကျမ်း
No comments:
Post a Comment