Myanmar Muslim Family. Powered by Blogger.
RSS

ဖဂျရ်ဆွလာသ်ဝတ်ပြုခြင်း...

          မိတ်ဆွေ အသင် ဖဂျရ်ဆွလာသ်မှန်မှန်ဝတ်ပြုပါရဲ့လား …ကျွန်တော်တို့ဟာ ဖဂျရ်စွလာသ်ကို ပျက်ကွတ်ဖို့ကိုအကြောင်းအမျိုးမျိုးပြ တက်ကြပါတယ် ဒီလိုပြောလိုက်လို့ ဖဂျရ်ဆွလာသ် ပျက်ကွက်သူတွေကို စာရင်းပြုစုပြီးဒဏ်ခတ်အရေးယူဖို့မဟုတ်ပါဘူးနံနက်တိုင်းမှာဖဂျရ်ဆွာလသ်ကိုစွဲစွဲမြဲမြဲဝတ်ပြုနိုင်ဖို့အလေ့ ကျင့်ကောင်းတွေတင်ပြချင်တာပါ….
   ဖဂျရ်ဆွလာသ်ဝတ်ပြုခြင်းရဲ အကျိုးကျေးဇူးများအနက်တစ်ခုကတော့ စွလာသ်ဝတ်ပြုမှုပျက်ကွက်ခြင်းဆိုတဲ့
အပြစ်ကနေ လွတ်ကင်းခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖဂျရ်ဆွလာသ်ဝတ်ပြုလို့ အခြားသောအကျိုးကျေးဇူးတွေများစွာရရှိပါသေးတယ်.ဟဒီဆ်ကျမ်းတစ်ခုဖြစ်တဲ့ မွတ်စလင်ကျမ်းရဲ့ ဟဒီဆ်အမှတ် ၆၅၆ မှာဟဇရသ် အွစ်မန်း(ရသွေ့)ဆင့်ပြန်ထားပါတယ်…အကြင်းသူမည်သူမဆို အီရှာဆွလာသ်ကို ဂျမာအသ်ဖြင့် ၀တ်ပြုခဲ့သော် ထိုည၏ထက်ဝက်ကိုဝတ်ပြုမှုဖြင့်ကုန်လွန်စေသကဲသို့ဖြစ်ပြီး ဖဂျရ်ဆွလာသ်ကို ဂျမာအသ်ဖြင့် ၀တ်ပြုခဲ့သော် ထိုညတစ်ညလုံးစာ ၀တ်ပြုမှုဖြင့် ကုန်လွန်စေသကဲ့သို့ဖြစ်သည် ဟု တမန်တော်မိုဟမ္မဒ် (ဆွ)မိန်မှာခဲ့ကြောင်းပါရှိပါတယ်အဘူဒါဝုဒ်ကျမ်း ဟဒီဆ်အမှတ် (၅၆၁) ၊အိဗ်နိုမာဂျဟ် ဟဒီဆ်အမှတ် (၇၈၁) ၊သိရ်မီဇီ ဟဒီဆ်အမှတ် (၂၃)တိုမှာ
ငါတမန်တော် သည် ၀မ်းမြောက်ဖွယ်သတင်းကောင်းကို ပြောပြပါမည်။ (ဖဂျရ်နှင့် အီရှာ) ဆွလာသ်ဝတ်ပြုရန်
ဗလီသို့ ညအမှောင် ထုအတွင်း ဖြတ်သန်း ၍ လမ်းလှောက်လာသူများသည် ပြန်လည်အားပေးမည့်
နေ(ကေယာမတ် )နေ့တွင် ပြည့်ဝသော အလင်းရောင်ကို ချီးမြှင်ပေးတော်မူခြင်းခံရမည်ဟု ဆိုထားပါတယ်
ဆွဟီးဘိုခါရီကျမ်း ဟဒီဆ်အမှတ်(၆၅၇)နဲ့ စွဟီးမွတ်စလင် ဟဒီဆ်အမှတ် (၆၅၁)တိုမှာ အဘူဟုရိုင်ရဟ်
(ရသွေ့)ဆင့်ပြန်ထားတာက…တမန်တော်မိန့်တော်မူခဲ့သည်မှာသူတော်ကောင်းယောင်ဆောင်သူတို့အတွက်
ဝန်အလေးဖွယ်ကောင်းဆုံးစွာလသ်များသည် ဖဂျရ်နှင့်အီရှာဆွလာသ်များဖြစ်ကြောင်း အကယ်၍ ယင်းဆွလာသ်နှစ်ခု၏ အကျိုးကျေးဇူးကို သိကြမည်ဆိုပါက လမ်းမလျှောက်နိုင်၍ ဒရုတ်ဆွဲသွားနေရလျှင်တောင်မှထိုဆွလာသ်မျာကို မပျတ်မကွက် ၀တ်ပြုကြပေမည် လိုပါရှိထားပါတယ်
အထက်ပါ ဟဒီဆ်တော်များအရ ဖဂျရ်ဆွလာသ်ကို ကျွန်တော် တို့တတွေ မပျက်မကွက်ဝတ်ပြုသင့်ပါတယ် ဒါပြင်ဖဂျရ်ဆွလာသ်ကို အချိန်မှီဝတ်ပြုနိုင်သူ ဟာ တနေ့တာလုံးဆွလာသ် ၅ကြိမ် ပြည်မှီဖို့အလွယ်ကူသွာပါတယ်..

  ဒါကြောင့် ဖဂျရ်ဆွလာသ်ကိုမှနမှန်ဝတ်ပြုန်ုင် ဖိုအတွက် လေ့ကျင့်ကောင်းလေး ၅ချက် ကိုတင်ပြလိုက်ပါတယ်ပထမအချက်-- ညအိပ်ယာမ၀င် ခင်ကတည်းက နောက်တနေ့မှာပြုလုပ်မဲ့ ကိစ္စရပ်အစီစဉ်တွေကို ချရေးပါ..
အဲဒီအစီစဉ်တွေ ထဲမှာ ဖဂျရ် အချိန် နိုးထဖို့ ဦးစွာရေးသားပါ။ နံနက်တိုင်မှာ ဖဂျ၇်ဆွလာသ် မှန်မှန်ဝတ်ပြုနိုင်တဲ့အလေ့အထက ကျွန်တ်ေတို့ရဲ့ အသိစိတ်ရော မသိစတ်ကိုပါ တိုးတက်ကောင်းမါန်စေပါတယ်ဒါပြင်အသင်ဟာအအိပ်ကြီးတက်သူဒါမှမဟုန်အိပ်ယာဝင်နောက်ကျသူဖြစ်ရင် ညအိပ်ယာမ၀င်မှီရေအနည်ငယ်သောက်ပေးပါ။အဲဒီအခါမှာ ခန္ဒာကိုယ်ဟာ စောစီးနိုးထစေဖို့ နှိုးဆော်ပါလိမ့်မယ်။..
ဒုတိယအချက်--ကတော့ဖဂျရ်အချိန်နိုးထစေနိုင်ဖို့ ညတိုင်းကို စောစောအိပ်ပါ.
အစပိုင်မှာတော့ခက်ခဲကောင်းခက်ခဲပေမဲ့ စောစောအိပ်စေခြင်းက စောစောနိုးထမှုကို ထောက်ပြုဖြစ်တာကို
တွေ့ပါလိမ်မယ်တတိယအချက်--ကအိပ်ယာမ၀င်မှ အစာများများစားတဲ့တက်တဲ့လေ့ထရှိရင် အဲဒီအကျင့် ကိုစွန်လွှတ်လိုက်ပါ။
အဲဒီအကျင့်ကလေးလံထိုင်းမှိုင်းစေရုံမက အချိန်မှန်နိုးထတက်မှုနဲ့ အသက် ရှည်ကျန်မားစေခြင်ကို
ဖျက်ဆီစေပါတယ်စတုတ္ထအချက်-- က နိုးစက်နာရီတစ်လုံးရှိဖို့လည်း လိုပါတယ် နာရီရဲ့အချက်ပေးသံကို
ကောင်းကောင်းကြားနိုင်ဖို့နဲ့အလွယ်တကုစက်ပိတ်နိုင်ဖို့ အိပ်ယားအနားမှာထးရှိပေးရပါမယ်.
နောက်ဆုံအချက် ကတော့နိုးထစမှာ ၀တ်ပြုချင်စိတ်မရှိပဲ ဆက်လက်အိပ်ချင်နေပါမယ် ဒါကြောင့်
ဆက်အိပ်မပျော်စေဖို့ အိပ်ယာကနေအမြန်ဆုံးထကာ ၀ူဇူ အမြန်ဆုးံ လုပ်ရပါမယ်အဲဒီအချက်၅ချက်လုံကို လိုက်နာအကောင်းထည်ဖေါ်ရင်း နေ့စဉ်မှန်မှန် ဖဂျရ်ဆွလာသ် မှန်မှန် ကျွန်တော်တို့ဝတ်ပြုကြပါစို့လို ဆန္ဒပြုရင်း…..

No comments:

Post a Comment